ကွာလာလမ်ပူတွင် မီးရှို့တိုက်ခိုက်ခံရ မြန်မာတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ


ဇန်န၀ါရီ ၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဂျလန်းသွန်နမ်း ရပ်တွင် မြန်မာနိုင်ငံသားနှစ်ဦးနေထိုင်သည့် ကွန်တိန်နာအိမ်အား မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် မြန်မာတစ်ဦး မီးလောင်သေဆုံးခဲ့ရပြီး တစ်ဦးကို မီးသတ်နှင့်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ကြောင်း မလေးရှားသည်စတားအွန်လိုင်း သတင်းစာ၌ ဖော်ပြပါရှိသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီ ၈ ရက် နံနက် ၃ နာရီတွင် ဂျလန်းသွန်နမ်းရပ်ကား ပါကင်ဝင်း၌ အသက် (၂၈)နှစ်အရွယ် မြန်မာအမျိုးသားနှစ်ဦး နေထိုင်သည့် အဆိုပါ ကွန်တိန်နာအိမ်အားမီးရှို့တိုက်ခိုက်ခံရကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ထံသို့ နံနက် ၃ နာရီခွဲတွင် ဖုန်းဆက်အကြောင်း ကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ကွာလာလမ်ပူတွင် မီးရှို့တိုက်ခိုက်ခံရ မြန်မာတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ ကွာလာလမ်ပူတွင် မီးရှို့တိုက်ခိုက်ခံရ မြန်မာတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 16:02 Rating: 5
Powered by Blogger.