မန္တလေးတိုင်ဒေသကြီး မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဇန်န၀ါရီလ ၁၀ ရက် ၁၀ နာရီ ခွဲအချိန် က ဆင်ခွါကျေးရွာမှ မိခင် မနီလာဝင်း မှ ယောကျာင်္းလေး တစ်ဦးနှင့် မိန်းကလေးနှစ်ဦး ၃ မွှာ ပူးအောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။ ၃ မွှာပူး ကလေးများ၏ ဖွားဖွား ဒေါ်နွဲ့က “အရင် ရွာကပြနေကျ ဆရာမနဲ့ပြကြည့်တော့ ၂ မွှာပူးပဲထင် တာ၊ မွေးဖွာရက်နီးလို့ဆေးရုံကြီး လာတက်မှပဲ ၃ မွှာပူးဖြစ်နေမှန်း သိရတာ၊ မန္တလေးဆေးရုံမဆင်း ရပဲ မိုးကုတ်ဆေးရုံကြီးမှာပဲ အောင်မြင်စွာမွေးဖွားပေးတဲ့အတွက် ဆရာဝန်မကြီးနဲ့ ဆရာမတွေကို ကျွန်မအနေနဲ့ ကျေးဇူးအများကြီးတင်ပါတယ်၊ ကလေးတွေက သမီးရဲ့သားဦးလေးတွေဖြစ်ပြီး ယောကျာင်္းလေးက ၅ ပေါင် ကျော်နဲ့ မိန်းကလေးနှစ်ဦးက လေးပေါင်းကျော်ရှိပြီး ကျန်းကျန်း မာမာရှိကြတဲ့ အတွက် ပျော်ရွှင်မိပါတယ်၊” ဟု ပြောပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူး အောင်မြင်စွာမွေးဖွား
Reviewed by သစ်ထူးလွင်
on
19:28
Rating: