တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မရရှိဘဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ပြီး သွေးစည်း ညီညွတ်မှု မရှိဘဲ၊ တရား ဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှု မရှိဘဲနှင့် ယင်းမှတစ်ဆင့် ပြည်တွင်း ငြိမ်းချမ်းရေး မရနိုင်ပါ။ ဤအချိန် ဤကာလအတွင်း တည်ငြိမ်အေးချမ်းမှု မရှိခြင်းများကြောင့် မမျှော်မှန်းနိုင်သော ကိစ္စရပ်များ ဖြစ်ပေါ် လာပါက တိုင်းပြည်နာမည်။ ပြည်သူများ နစ်နာဆုံးရှုံးမှုများ ဖြစ်လာမည်။ ဒါကြောင့် ပြည်သူ့ မျက်နှာကိုကြည့်ရ မည်။ တိုင်းပြည်မျက်နှာကို ကြည့်ရမည်။ လူတစ်စု၊ လူတစ်ဖွဲ့၊ ပါတီတစ်ခု အတွက် ကြည့်၍ မဖြစ်ပေ။ ဒါကြောင့် ပြည်သူ့မျက်နှာကိုကြည့်၊ တိုင်းပြည်မျက်နှာကိုကြည့်၊ ပြည်သူ့ အကျိုး စီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးသပ်ပြင်ဆင်ခြင်း အပါအဝင် နိုင်ငံတော်နှင့် ဆိုင်သော အခြားကိစ္စရပ်များကို ဆောင်ရွက်ရာ၌ သတိကြီးစွာဖြင့်ဆောင်ရွက်ရန်လိုသလို ကောင်းစေဖို့အတွက် ပြောင်းလဲ သင့်တာတွေကို ရဲဝံ့စွာ ဆောင်ရွက်သွားရန်လည်း အရေးကြီးပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သူရဦးရွှေမန်း၏ အခြေခံ ဥပဒေပြင်ဆင်ရေး ပြောကြားချက်များ
Reviewed by သစ်ထူးလွင်
on
14:58
Rating: