စသုံးလုံးရုံးတွင် စစ်ဆေးခံရနေစဉ် သေဆုံးခဲ့သည့် မနန်းဝိုးဖန်း၏ ဂျပန်နိုင်ငံသားခင်ပွန်း အကျဉ်းထောင်မှ လွတ်မြောက်လာ


အထူးစုံစမ်းစစ်ဆေးရေးရုံးတွင် စစ်ဆေးစဉ် ယင်းအဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်း၏ ခင်ပွန်းသည် ဂျပန်နိုင်ငံသားကို ဇန်န၀ါရီ ၉ ရက်တွင် လှိုင်သာယာမြို့နယ်တရားရုံးက အပြီးသတ်စီရင်ချက်ချပြီး ထောင်ချုပ်ရက်ဖြင့် လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။ ၂၀၁၂ ခုနှစ် မေလ ၁၆ ရက် တွင် ဂျပန်နိုင်ငံသား မစ္စတာနာမာအေးအား ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ- ၅(ဇ)နှင့် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ-၁၃(၁)/ ၄၂၂ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းကို တစ်နှစ်ရှစ်လကြာ အမှုစစ်ဆေးအပြီးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဂျပန်နိုင်ငံသား မစ္စတာနာမာအေး ဓာတ်ပုံ-သန်းဌေး / 7day Daily

စသုံးလုံးရုံးတွင် စစ်ဆေးခံရနေစဉ် သေဆုံးခဲ့သည့် မနန်းဝိုးဖန်း၏ ဂျပန်နိုင်ငံသားခင်ပွန်း အကျဉ်းထောင်မှ လွတ်မြောက်လာ စသုံးလုံးရုံးတွင် စစ်ဆေးခံရနေစဉ် သေဆုံးခဲ့သည့် မနန်းဝိုးဖန်း၏ ဂျပန်နိုင်ငံသားခင်ပွန်း အကျဉ်းထောင်မှ လွတ်မြောက်လာ Reviewed by သစ်ထူးလွင် on 14:56 Rating: 5
Powered by Blogger.