ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း ယင်းလပ်ပြောကြား


ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါက ထိုင်းစစ်တပ်မှာ အာဏာသိမ်းမည်ကို စိုးရိမ်သည်ဟု အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောကြားလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။ ထိုင်းစစ်တပ်အနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ထောက်ခံမှု အမျိုးမျိုးသော ဆန္ဒပြမှုများတွင် အရပ်သားများ ထိခိုက်မှု မရှိစေရန် တာဝန်အပြည့်ဖြင့် ကာကွယ်သွားမည် ဖြစ်ကြောင်း၊ လာမည့် တနင်္လာနေ့တွင် ပြုလုပ်မည့် မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင် လူတစ်ဦး တစ်ယောက်မျှ ထိခိုက်နာကျင်ခြင်း မရှိစေရန် ထိုင်းစစ်တပ် အနေနှင့် ကိုင်တွယ်သွားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာက ပြောကြားလိုက်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း ယင်းလပ်ပြောကြား ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း ယင်းလပ်ပြောကြား Reviewed by သစ်ထူးလွင် on 19:22 Rating: 5
Powered by Blogger.