အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူအချို့ကို သူတစ်ပါး ကိုးကွယ်တဲ့ ဘာသာ၊ သာသာနာ စော်ကားမှုနဲ့ အမှုဖွင့် ထားတယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာနက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့တုန်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်အတွင်းမှာ OIC အဖွဲ့ ရဲ့ ခရီးစဉ်အပေါ် သံဃာတော်တွေနဲ့ ရာနဲ့ချီတဲ့ လူတွေဟာ ကန့်ကွက်ဆန္ဒပြမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုမှာ တစ်ခြား ဘာသာအပေါ် စော်ကားတဲ့ ဆိုင်းဘုတ် ကိုင်ဆောင်ဆန္ဒပြခဲ့တဲ့အတွက် ဆန္ဒပြခေါင်းဆောင်တွေကို ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နဲ့အမှုဖွင့်ထားတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အိုအိုင်စီကို ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူနဲ့ သံဃာတော်တချို့ (Credit: ABC) |
OIC အလိုမရှိကြောင်း ဆန္ဒပြသူတချို့ကို အမှုဖွင့်ခံရ
Reviewed by သစ်ထူးလွင်
on
08:56
Rating: