ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ အခုလဆန်းပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတပ်တချို့ ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံ ရှမ်းတိုင်းရင်းသားအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့က ဒီနေ့ပြောပါတယ်။ အဖမ်းခံထားရတဲ့ ရှမ်းတိုင်းရင်းသားတွေကို လွှတ်ပေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က မြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုတွေ လူထုအစည်းအဝေးကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်တွေက မြစ်ကြီးနားမှာရှိတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ရုံးမှာ အကူအညီတောင်းခဲ့တဲ့အတွက် ကေအိုင်အိုနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
KIA ဖမ်းသွားတဲ့ ရှမ်းရွာသားများ အားလုံးပြန်လွတ်
Reviewed by သစ်ထူးလွင်
on
09:29
Rating: