ဒီဇင်ဘာလ တစ်ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ မဲလ်ဘုန်းမြို့ မြန်မာ မိသားစုတိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ဆုံမှုအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စည်းလုံးညီညွတ်မှု ရှိဖို့နဲ့ တစ်ဦးပေါ် တစ်ဦး မုဒိတာပွား မေတ္တာထားဖို့ အဓိက ပြောကြားခဲ့ပါတယ်။ အဲဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အရေးကြီးတဲ့အကြောင်းတွေ၊ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး သူက ဦးဆောင်လုပ်ကိုင်မှာထက် တိုင်းရင်းသားတွေ ဦးဆောင်လုပ်ကိုင်တဲ့ နေရာမှာ အတတ်နိုင်ဆုံး ပံ့ပိုးသွားတာမျိုး လုပ်လိုကြောင်းလည်း ပြောသွားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မဲလ်ဘုန်းမြို့ မြန်မာမိသားစုများနဲ့ တွေ့ဆုံစဉ်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (Credit: ABC) |
မြန်မာအချင်းချင်း ညီညွတ်ကြဖို့ ဒေါ်စုတိုက်တွန်း
Reviewed by သစ်ထူးလွင်
on
08:34
Rating: