မန္တလေးမြို့ ချော်တွင်း ဆိပ်ကမ်းတွင် ဒီဇင်ဘာ၂၇ ရက်နေ့က ဖြစ်ပွား ခဲ့သည့် ကျောက်တင်သင်္ဘော ဂက်စ်အိုး ပေါက်ကွဲမှုတွင် သင်္ဘောသား ခြောက်ဦးမှာ ပျောက်ဆုံးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရေယာဉ်မှူး အပါအဝင် သင်္ဘောလုပ်သား ၁၂ ဦး ပါရှိသည့် ကျောက်တင် သင်္ဘော၏ ကျောက်ဆူးကို လေဂဟေဖြင့် ဖြတ်တောက်စဉ် လေအိုးများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး သင်္ဘောသားသုံးဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ဆက်လက်ရှာဖွေ စစ်ဆေးမှု များအရ ကျန်အလုပ်သမား ခြောက်ဦးမှာ ပျောက်ဆုံးနေသည်ကို သိရှိရခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကျောက်တင်သင်္ဘော ဂက်စ်အိုးပေါက်ကွဲမှု သင်္ဘောသားခြောက်ဦး ထပ်မံပျောက်ဆုံး
Reviewed by သစ်ထူးလွင်
on
18:24
Rating: