ပဲခူးတိုင်း ပေါင်းတည်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေကြတဲ့ ဒေါ်မြင့်မြင့်အေးအပါအ၀င် လယ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် ဆေးကုသမှု ခံနေရတယ်လို့ ထိန်းသိမ်းခံနေရသူတွေရဲ့ မိသားစုက သိရပါတယ်။ ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး၊ ဝိမုတ္ထိ လူမှုကူညီရေးအဖွဲ့က ဒေါ်ခင်မိမိခိုင်နဲ့ နတ္တလင်းပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဦးသန့်ဇင်ထက်တို့ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြနေကြတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒေါ်မြင့်မြင့်အေး |
ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသူများ ဆေးကုသမှု ခံယူနေရ
Reviewed by သစ်ထူးလွင်
on
17:07
Rating: