ဇာတိရွာကို မပြန်ဖြစ်တာ သုံးနှစ်လောက်ရှိပါပြီ။ ဒါပေမဲ့ စာရေးဆရာမောင်သိန်းဆိုင် ရေးတဲ့ ရေနံ့သာ ခင်ခင်ကြီးဝတ္ထုကိုလည်း ဖတ်ပြီးရော ပြန်ချင်စိတ်က ငယ်ထိပ် ထပေါက်ပါတယ်။ ရေနံ့သာခင်ခင်ကြီး ဝတ္ထုက အင်္ဂလိပ်အစိုးရခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်ကို နောက်ခံ ထားပြီး ရေနံချောင်းဒေသက ရေနံတွင်းရိုးတွင်းစား မိသားစုနှစ်ခုရဲ့ အာဃာတ အငြိုးအတေးတွေကို ဖော်ကျူးထားတဲ့ ဝတ္ထုပါ။ ဒီဝတ္ထုထဲမှာ ရေနံချောင်းမြို့နဲ့ သုံးမိုင်လောက်ဝေးတဲ့ ကျွန်တော့်ဇာတိ ပင်းဘုရားကုန်း ရွာလေးမှာ နှစ်စဉ်ကျင်းပတတ်တဲ့ ပင်းဘုရားပွဲ အကြောင်းလည်း ပါပါတယ်။ အချိန်ကလည်း သီတင်းကျွတ်လ ဆိုတော့ ဘုရားပွဲ စနေပါပြီ။ ဒါနဲ့ပဲ ကောက်ကာငင်ကာ ထပြန်ခဲ့ပါတယ်။---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အညာပြန်
Reviewed by သစ်ထူးလွင်
on
23:10
Rating: