မြန်မာ-အိန္ဒိယ နယ်စပ်အရေးကိစ္စနှင့် ပတ်သက်၍ ဒေသခံ လူငယ်များ ဆန္ဒထုတ်ဖော်မည့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ယင်းနယ်စပ် ဝင်ပေါက်ဂိတ်ကို လုံခြုံရေးအရ နေ့တစ်ဝက် ပိတ်သွားမည် ဖြစ်ကြောင်း တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောလင်းက ပြောကြားသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့က ယင်းကော်မတီ အစည်းအဝေး ခန်းမတွင် ပြုလုပ်သော နယ်စပ်အရေး ကိစ္စနှင့် ပတ်သက်၍ ဒေသခံများအား ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်ပြီး လာမည့် ၂၃ ရက်နေ့တွင် ပြုလုပ်မည့် ခရိုင်အဆင့် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် လုံခြုံရေးအရ နေ့တစ်ဝက်ပိတ်မည်
Reviewed by သစ်ထူးလွင်
on
14:07
Rating: