လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ပြည်သူတွေ သိပ်ကြိုက်သည်။ နှစ်ပေါင်းများစွာ ပိတ်နေကြရသည့် ပါးစပ်များ အခုပြန်ပွင့်လာပြီ။ ဆိုင်းဘုတ်တွေ ကိုင်ကြသည်။ ကြွေးကြော်သံများ သီကုံး အော်ဟစ်ကြသည်။ ဟိုဟာလုပ်ပေး၊ ဒီဟာလုပ်ပေးနှင့် အတောင်းအရမ်း ထူလာကြသည်။ ပြည်သူတွေ ကျန်းမာရေး အသိအမြင် ကျယ်လာကြသည်။ ဒီဇင်ဘာ လမ်းလျှောက် ပွဲတင် မဟုတ်တော့။ ဆယ့်နှစ်လရာသီ လမ်းလျှောက်ပွဲများ ကျင်းပလာကြသည်။ ထို့ကြောင့် ဆိုင်းဘုတ် ရေးစားသူများ အလုပ်ဖြစ်လာသည်။ ဖိနပ်ဆိုင်များ အရောင်းအဝယ် ကောင်းလာသည်။ ကတ်ထူပြားနှင့် ဆော့ပဲန် ရောင်းသူများ တွက်ခြေကိုက်သည်။ ရဲကိုကိုတို့ အလုပ် ရှုပ်လာသည်။ သူတို့တာဝန်က ဘာဆန္ဒပြပြ တားဖို့ဖြစ်သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြည်သူ့ဆန္ဒ ... တို့ ဆန္ဒ
Reviewed by သစ်ထူးလွင်
on
23:16
Rating: