ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၁ ကနေ ၄ အထိ စက်ရုံတွေရှေ့နဲ့ လှိုင်သာယာ အဝေးပြေးလမ်းမကြီးဘေးမှာ နေထိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ ကျူးကျော်အိမ်တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ မြို့နယ်စည်ပင်သာယာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ ဒီလိုထုတ်ပြန်ခဲ့တာကြောင့် ကျူးကျော်နေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်၊ ညောင်ရွာမြစ်ကမ်းက သောင်ထွန်းမြေတွေနဲ့ တွံတေးမြို့နယ် ရေကျော်ကျေးရွာနားက လယ်မြေတွေပေါ်မှာ နေအိမ်တွေ ဆောက်လုပ်နေကြတယ်လို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုကြည်ရွှင်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လှိုင်သာယာမှာ ကျူးကျော်တွေ ဖယ်ပေးဖို့ အမိန့်ထုတ်
Reviewed by သစ်ထူးလွင်
on
05:20
Rating: