သမ္မတဦးသိန်းစိန်၏ အခါတော်ပေး ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်း တင်ဦး နှင့် တွေ့ဆုံခြင်း (ပထမပိုင်း)

မြန်မာနိုင်ငံတွင် လမ်းစဉ်ပါတီခေတ်၊ န၀တ နယကခေတ်၊ စစ်အစိုးရမှသည် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် တိုင်အောင် နိုင်ငံတော် အကြီးအကဲများ လက်စွဲ၊ နိုင်ငံတော်အကြံပေး၊ အခါတော်ပေး အဖြစ်လည်းကောင်း၊ ပြည်တွင်း မီဒီယာလုပ်ငန်း အကြီးအကဲ အချို့နှင့် လွှတ်တော် အကြီးအကဲ အချို့ကို ဗေဒင်နက္ခတ် ပညာရပ်များ သင်ကြား ဖြန့်ဝေပေး ခဲ့ရပြီး နေပြည်တော်တွင် ကျယ်ပြန့် ကြီးမား ခံ့ညားသည့် ဗုဒ္ဓဂယာပုံစံတူ သတ္တဌာနနှင့် သတ္တဌာန တရားရိပ်သာတို့ကို သမ္မတဦးသိန်းစိန် အစိုးရမှ တည်ထား နိုင်ရန်အတွက် အဓိက အကြံပေး အကောင်အထည် ဖော်စေခဲ့သည့် နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဖေဉာဏ် (ယခုမှော်ဘီမြို့၊ ၂ ရပ်ကွက် ဧက ၃၀ ကျော် ကျယ်ဝန်းသည့် စန္ဒကူးမြိုင် သာသနာ့ ရိပ်သာကို တည်ထောင်လျက်ရှိသူ ဆရာတော်ဦး ပညာဝံသ)ကို မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့က ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံ ဂါရ၀ပြုကာ နိုင်ငံတော်အရေး၊ ဘာသာရေး၊ အမျိုးသားရေး အတွက် သိလိုသည်များ မေးမြန်းခွင့် ရခဲ့ပါသည်။ နှစ်ပေါင်း ၂၀ ကျော် နိုင်ငံတော်အဆင့် အကြံပေး၊ အခါတော်ပေးအဖြစ် ယခုတိုင် ရပ်တည်လျက် ရှိသော်လည်း ရဟန်းဝတ်ဖြင့် တောရဆောက်တည်၍ သီတင်းသုံးဖော် ရဟန်းတော် နှစ်ပါးနှင့်သာ ခေါင်းပါးစွာ သီတင်းသုံးလျက် ရှိသည်ကိုလည်း ဖူးတွေ့ရပါသည်။---

အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သမ္မတဦးသိန်းစိန်၏ အခါတော်ပေး ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်း တင်ဦး နှင့် တွေ့ဆုံခြင်း (ပထမပိုင်း) သမ္မတဦးသိန်းစိန်၏ အခါတော်ပေး ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်း တင်ဦး နှင့် တွေ့ဆုံခြင်း (ပထမပိုင်း) Reviewed by သစ်ထူးလွင် on 10:43 Rating: 5
Powered by Blogger.