မလေးရှားမှာ ပုန်းခိုနေသူ အလုပ်သမား တွေထံ မြန်မာသံရုံး ကိုယ်စား လှယ်အဖွဲ့ သွားပြီး အားပေး

မလေးရှားနိုင်ငံ ဘရူးနိုင်းနယ်စပ်အနီး ဆာရာဝပ်ပြည်နယ်က မြန်မာအလုပ်သမား ၉၇ ယောက် ပိတ်မိနေတဲ့ စက်ရုံဆီကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိနဲ့ အလုပ်သမားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ တရားဝင်ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအပါအဝင် အလုပ်သမားတွေ မလေးရှားနိုင်ငံတွင်း ဆက်လက် အလုပ်လုပ်ကိုင်နိုင်ခွင့်နဲ့ နေရပ်ပြန်ခွင့်တွေကိုပါ ဆွေးနွေးနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာအလုပ်သမားတွေနဲ့ အင်ဒိုနီးရှား အလုပ်သမားတွေ အချင်းများရာကနေ အုပ်စုဖွဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် မြန်မာအလုပ်သမားတွေ ပုန်းအောင်းနေရတာလည်း ဖြစ်ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 ယနေ့ ၂၈.၁၂.၂၀၁၃ ညနေ ၅ နာရီခန့်တွင် မလေးရှားနိုင်ငံ အရှေ့ဒေသ ၊ ဘရုနိုင်းနယ်စပ် ၊ အာဆီယံတံတားဘေး သင်္ဘောကျင်း ရှိ အင်ဒိုနီးရှား အလုပ်သမားများ ၏ အုပ်စုဖွဲ့ ခြိမ်းခြောက်ခံခဲ့ရသော မြန်မာအလုပ်သမားများ ထံ သို့ မလေးရှားရောက် မြန်မာအလုပ်သမားရေးရာ တာဝန်ခံ ဦးစိုးဝင်း နှင့် မြန်မာသံရုံးမှ တာဝန်ရှိသူ ဦးလင်းမောင်မောင်ဝင်း ၂ ဦးတို့ ပထမဆုံး ချောမောစွာ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည် ။ ဓါတ်ပုံ - မလေးရှားရောက်မြန်မာများ


မလေးရှားမှာ ပုန်းခိုနေသူ အလုပ်သမား တွေထံ မြန်မာသံရုံး ကိုယ်စား လှယ်အဖွဲ့ သွားပြီး အားပေး မလေးရှားမှာ ပုန်းခိုနေသူ အလုပ်သမား တွေထံ မြန်မာသံရုံး ကိုယ်စား လှယ်အဖွဲ့ သွားပြီး အားပေး Reviewed by သစ်ထူးလွင် on 12:35 Rating: 5
Powered by Blogger.