မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက် စစ်ရှောင်စခန်းတွင် စစ်ဘေးတိမ်းရှောင်နေကြသော မြစ်ကြီးနားမြို့နယ်၊ တာလောတိုက်နယ်၊ စံကင်းရွာက (၈၃) ဦးသော စစ်ဘေးရှောင်ပြည်သူများသည် ဒီဇင်ဘာလ (၂) ရက်နေ့တွင် ၀န်းသိုကျောင်း စစ်ရှောင်စခန်းမှ နေရပ်ဖြစ်သော စံကင်းရွာသို့ ပြန်သွားခဲ့ကြပြီလို့ သိရှိရသည်။ စံကင်းကျေးရွာ စစ်ဘေးရှောင်မိဘပြည်သူများသည် (၂၀၁၁)ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက် စစ်ရှောင်စခန်းသို့ စတင်ရောက်ရှိခဲ့ပြီး၊ ၀န်းသိုကျောင်းဆရာတော်ကြီးနှင့် NGO အဖွဲ့အစည်းများက အဓိက ကူညီထောက်ပံ့ကာ (၂)နှစ် နီးပါးလောက် စစ်ဘေးတိမ်းရှောင်လျက် (၂၀၁၃) ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် အိမ်ထောင်စု (၁၅) စု ၊ လူဦးရေ (၈၃) ယောက်တို့သည် မိမိတို့၏ သဘောဆန္ဒအညီ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်လို့ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းဆိပ်ကမ်း၌ တွေ့ရစဉ် |
ကချင်ပြည်နယ်က ၀န်းသိုကျောင်း စစ်ရှောင်ရှမ်းဒုက္ခသည်စခန်း ပထမဦးဆုံး နေရပ်ပြန်
Reviewed by သစ်ထူးလွင်
on
19:49
Rating: