သင်းခွေချပ် မှောင်ခိုသယ်သည့် ယာဉ်နှင့် ရွှေလီရတနာ ခရီးသည်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်

ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင်ရောင်းချရန် သင်းခွေချပ်များ မှောင်ခို တင်ဆောင်လာသော HIJET အဖြူရောင်ကားနှင့် မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ရန်ကုန်-ထားဝယ်-မြိတ် ရွှေလီရတနာ ခရီးသည်တင် မှန်လုံကားတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံ-ရွာသစ်ပိုင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သစ်တောဦးစီးဌာန၊ ပေါင်မြို့နယ် တောအုပ်ကြီး ဦးကျော်လှိုင်စိုးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

22.12.2013 နံနက် ၅း၀၀အချိန် ကျွဲခြံရွာတွင် ကျွန်မ စီးနင်း လိုက်ပါလာသော ထားဝယ်မှ ရန်ကုန်သို့ သွားသော ရွှေလီမှန်လုံ အမြန်ယာဉ်အား တဖက်ယဉ်ကြောမှလာသော လိုက်ထရပ် ယာဉ်အမှတ် 9F/7580 ယဉ်မောင်းဦးအောင်ဆန်း မောင်းနှင်လာသော ကားဖြင့် ဝင်တိုက်မိရာ . 9F/7580 ကားပေါ်မှ် သင်းခွေချပ်များလွင့်စင် ကျလာခဲ့ပြီး အရှင် ၄၁ကောင်၊ လက် ရှိ မွေးဖွား ၁ကောင် ၊ အ သေ၅ကောင်တွေ့ ရှိခဲ့ပြီး သင်းခွေချပ်များကို သစ်တောဦးစီးမှ စစ်ဆေးနေသည်ကိုတွေ့ ရှိခဲ့ရသည်။ ဓါတ်ပုံ
ပေးပို့သူ...မိုးမိုးသူ( ထားဝယ်)








သင်းခွေချပ် မှောင်ခိုသယ်သည့် ယာဉ်နှင့် ရွှေလီရတနာ ခရီးသည်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက် သင်းခွေချပ် မှောင်ခိုသယ်သည့် ယာဉ်နှင့် ရွှေလီရတနာ ခရီးသည်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက် Reviewed by သစ်ထူးလွင် on 19:15 Rating: 5
Powered by Blogger.