အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံအားကျဆင်းမှုရောဂါ ကူးစက်မှုနှုန်း၊ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းထားတွေကို စာရင်းကောက်ယူပြီး ပိုမိုထိရောက်တဲ့ အကူအညီတွေပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ (World AIDS Day) နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ပြုစုစောင့်ရှောက်ရေးစင်တာ ၁၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပခဲ့ပြီး ကြေညာချက်ထုတ်ပြန်လိုက်တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကမ္ဘာ့ AIDS နေ့ အခမ်းအနား NLD ရုံးချုပ်မှာကျင်းပ
Reviewed by သစ်ထူးလွင်
on
00:44
Rating: