လက်ပံတောင်းတွင် ပဋိပက္ခ ထပ်ဖြစ်၊ ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် ရွာသား ၇ ဦး ဒဏ်ရာရ (Updated)

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်မြောက်ရွာ အနီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် အစောင့်ချထားသည့် ရဲကင်းတစ်ခုကို ဒေသခံ ၂၀၀ ခန့်က နိုဝင်ဘာ ၁၄ ရက် ည ကိုးနာရီအချိန်တွင် ခဲများဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သည်ဟု မုံရွာခရိုင် ရဲမှူးကြီး ဦးကြူအင်းက ပြောသည်။ ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲအုပ်မြင့်ဆွေ၊ ဒုရဲအုပ် ဝေ လင်း၊ ဒုတပ်ကြပ် ဂျိုးဇက်၊ ဒုတပ်ကြပ် ထွန်းလှိုင်ဦး၊ ရဲတပ်သား ပြည်မျိုးထွန်း၊ ကျော်ဇာနည်၊ ကြံအောင်၊ စောမောင်ခိုင်၊ ဒုတပ်ကြပ် ကျော်မင်းဦးတို့ ကိုးဦးသည် မျက်နှာ၊ လက်၊ ဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် ည ၁၀ နာရီခွဲက မုံရွာ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆေးကုသရန် ရောက်ရှိဆေးကုသမှု ခံယူနေရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်မြောက်ရွာတွင် ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားအပြီး ဒဏ်ရာရှိသော ရဲဝန်ထမ်းများကို မုံရွာဆေးရုံကြီးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ -တိုးကြီး) ထိုသို့ဒဏ်ရာရှိသော ရဲများသည် ည ၁၁ နာရီခန့်တွင် ခွဲစိတ်ခန်း ဓာတ်မှန်ခန်းများသို့ ဝင်ရောက်နေပြီဖြစ်သည်။ ပဋိပက္ခကြောင့် ဒေသခံ ခုနှစ်ဦး သေနတ်မှန်ပြီး ရဲ ကိုးဦး ခဲနှင့်ပစ်ပေါက်သည့် ဒဏ်ရာရှိခဲ့သည်။
လက်ပံတောင်းတွင် ပဋိပက္ခ ထပ်ဖြစ်၊ ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် ရွာသား ၇ ဦး ဒဏ်ရာရ (Updated) လက်ပံတောင်းတွင် ပဋိပက္ခ ထပ်ဖြစ်၊ ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် ရွာသား ၇ ဦး ဒဏ်ရာရ (Updated) Reviewed by သစ်ထူးလွင် on 02:12 Rating: 5
Powered by Blogger.