ဧရာဝတီမြစ်ကမ်းဘေး ကျူးကျော်သူများ SEA Games မတိုင်မီ ရှင်းလင်းမည်

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဧရာဝတီမြစ်ကမ်း နံဘေးရှိ ကျူးကျော်နေထိုင်သူ များကို အရှေ့တောင် အာရှအားကစားပြိုင်ပွဲ (SEA Games) မတိုင်မီ ဒီဇင်ဘာလ ဒုတိယပတ် အတွင်း ရှင်းလင်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ "ရွှေ့တဲ့သူကလည်း ရွှေ့ပြီးသွား ကြပါပြီ။ ကျန်တဲ့သူတွေကို ဆီးဂိမ်းပွဲ မတိုင်မီ အပြီး ရှင်းလင်းသွားမှာပါ။ ဒီကြားထဲမှာ ဒုတိယအကြိမ် သတိပေးစာ ပို့ဖို့လည်း ရှိပါတယ်။ ဒဏ်ရိုက် အရေးယူတာတော့ မရှိသေးပါဘူး" ဟု ၄င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဧရာဝတီမြစ်ကမ်းဘေး ကျူးကျော်သူများ SEA Games မတိုင်မီ ရှင်းလင်းမည် ဧရာဝတီမြစ်ကမ်းဘေး ကျူးကျော်သူများ SEA Games မတိုင်မီ ရှင်းလင်းမည် Reviewed by သစ်ထူးလွင် on 22:38 Rating: 5
Powered by Blogger.