ပဲခူးတွင်OIC အဖွဲ့ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်

ပဲခူးမြို့၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်၊ ၀င်္ဂဘာလမ်းရှိ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တဥက္ကံသလင်္ကာရ ဦးဆောင်၍ ပဲခူးမြို့ရှိ အောင်ဇေယျကျောင်း၊သာ
သနာ မဏ္ဍိုင်ပါဌိတက္ကသိုလ် ကျောင်းတိုက်၊ သီတဂူကျောင်းတိုက်၊ ဓမ္မာလင်္ကာရ ကျောင်းတိုက်တို့မှသံဃာတော်များနှင့်မြို့နေပြည်သူများ စုစုပေါင်းအင်အား (၈၀၀)ခန့်သည်(၁၅.၁၁.၂၀၁၃)နေ့ နေ့လည်(၁း၀၀)အချိန်ခန့်တွင် OIC အဖွဲ့ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ် ခဲ့ပါသည်။

အဆိုပါ ဆန္ဒပြ သူများသည် ချမ်းမြေ့ဇေယျာကျောင်းတိုက်မှ ပဲခူးပင်စည်ဈေးအထိ ရန်ကုန်-မန္တလေး မင်းလမ်းအတိုင်း ပိုစတာဆိုင်းဘုတ်များကိုင်ဆောင်၍ စီတန်းလှည့်လည်ပြီး OICအဖွဲ့မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို ကန့်ကွက်ကြောင်း၊ OICအလိုမရှိ၊ ခိုးဝင်ဘဂါင်္လီများ အစ္စလာမ်မစ်နိုင်ငံများမှ အမြန်ဆုံးခေါ်ယူပါဟု ကြွေးကြော်သံများနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ပါသည်။

စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲမှာ ညနေ(၃း၀၀)အချိန်ခန့်တွင် ပြီးဆုံးသွားပြီး သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းများသို့အသီးသီး ပြန်လည်ထွက်ခွာသွား ပါသည်။

ကိုသန့် ဇင်
by Thit Htoo lwin
ပဲခူးတွင်OIC အဖွဲ့ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ် ပဲခူးတွင်OIC အဖွဲ့ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ် Reviewed by သစ်ထူးလွင် on 16:26 Rating: 5
Powered by Blogger.