ရခိုင်ပြည်သွားမယ့် OIC အဖွဲ့ကို ဒီကနေ့ ဆန္ဒပြမယ်

Organization of Islamic Cooperation အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်ပြီး ရခိုင်ပြည်နယ်နဲ့ ပဋိပက္ခဖြစ်ပွားခဲ့ရာနေရာတွေ သွားရောက်ကြမှာကို နိုဝင်ဘာ ၁၂ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို အခုတပတ်အတွင်းမှာလာ ရောက်ဖို့ရှိနေတဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဖြေရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေ အနေတွေကိုသိရှိနိုင်အောင် စီစဉ်ပေးနိုင်ဖို့ အတွက်သာ လာရောက်တာဖြစ်ပြီး OIC ရုံးခန်းဖွင့်လှစ်ရေးနဲ့ ပတ်သက်ခြင်းမရှိဘူးလို့ သမ္မတရုံးပြန်ကြားရေးဝန်ကြီး ဦရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့ညနေပိုင်းက ဖော်ပြထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရခိုင်ပြည်သွားမယ့် OIC အဖွဲ့ကို ဒီကနေ့ ဆန္ဒပြမယ် ရခိုင်ပြည်သွားမယ့် OIC အဖွဲ့ကို ဒီကနေ့ ဆန္ဒပြမယ် Reviewed by သစ်ထူးလွင် on 08:34 Rating: 5
Powered by Blogger.