HIV/AIDS လူနာအခမဲ့ တည်းခိုဆောင် မြေအငှား မြို့တော်စည်ပင် ချမပေး

ရွှေပြည်သာ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် HIV/AIDS လူနာများ အခမဲ့ တည်းခိုဆောင်ကို ပြောင်းရွှေ့ ဖွင့်လှစ်ရန် မြေအငှား ချပေးရန် အတွက် ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြခဲ့ရာ အဆိုပါ မြေနေရာသည် စီမံကိန်းဖြစ်၍ ချမပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ဆည်းဆာရောင်ခြည် HIV/AIDS အခမဲ့ တည်းခိုဆောင်၏ တာဝန်ခံ ကိုကျော်နိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ဆည်းဆာရောင်ခြည် HIV/AIDS အခမဲ့ တည်းခိုဆောင်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ စတင်၍ (အမှတ် ၁၀(က) မေတ္တာ ၂လမ်း၊ မေတ္တာပန်းခြံ ၈ ရပ်ကွက်၊ ရွှေပြည်သာတွင်) ဖွင့်လှစ်ခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ဆေးကုသရန် ရောက်ရှိလာသည့် လူနာများအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


HIV/AIDS လူနာအခမဲ့ တည်းခိုဆောင် မြေအငှား မြို့တော်စည်ပင် ချမပေး HIV/AIDS လူနာအခမဲ့ တည်းခိုဆောင် မြေအငှား မြို့တော်စည်ပင် ချမပေး Reviewed by သစ်ထူးလွင် on 16:43 Rating: 5
Powered by Blogger.