ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီဟာ ရေဆိုး သန့်စင် စွန့်ထုတ်ခြင်း မရှိတဲ့ စက်ရုံ ၈၀ နီးပါးကို စစ်ဆေး တွေ့ရှိထားပြီး အခုနှစ်ကုန်သည်အထိ ရေဆိုးသန့်စင်မှုလုပ်ငန်းတွေ လုပ်ဆောင်ခြင်း မရှိဘူးဆိုရင် နှစ်ဆန်းတာနဲ့ စက်ရုံပိတ်သိမ်းသည်အထိ အရေးယူမယ်လို့ သန့်ရှင်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဌာနမှူး ဦးသန်းလွင်ဦးက ပြောပါတယ်။
ရန်ကုန်မြို့က စက်မှုဇုန် ၂၄ ခုက စက်ရုံပေါင်း ၃ ထောင်ကျော်ကို စစ်ဆေးခဲ့ရာမှာ အဲဒီစက်ရုံ ၈၀ နီးပါးမှာ ရေဆိုး သန့်စင် စွန့်ထုတ်တဲ့စနစ် လုပ်ကိုင်မထားတာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒီစက်ရုံတွေနဲ့ ပတ်သက်လို့ သတိပေးမှုတွေ ပြုလုပ်ခဲ့ပြီး စက်ရုံတချို့ကတော့ ရေဆိုးသန့်စင် စနစ်တွေ အကောင်အထည်ဖော်နေပြီ ဖြစ်တဲ့အကြောင်း အကြောင်းကြားလာတယ်လို့ ဦးသိန်းလွင်ဦးက ပြောပြပါတယ်။
by ဒီဗွီဘီ

ရေဆိုးသန့်စင်မှု မလုပ်သည့် စက်ရုံများကို အရေးယူမည်
Reviewed by သစ်ထူးလွင်
on
15:38
Rating: