ခုနှစ်နှစ်ကလေးကို လူသတ်အလောင်းဖျောက်ခဲ့ဟု ၁၄ နှစ် ကလေးငယ်က ဖြောင့်ချက်ပေး

မြောင်းမြ မြို့တွင် အသက်  ခုနစ်နှစ်အရွယ် ကလေးတစ်ဦးကို အသက် ၁၄ နှစ်အရွယ်ရှိ ကလေးတစ်ဦးမှ လူသတ်၍ အလောင်းဖျောက်ခဲ့ မှုကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့ ပြီဖြစ်ကြောင်း မြောင်းမြမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ပြောသည်။ နိုဝင်ဘာ ၅ရက်က မြောင်း မြမြို့ အမှတ်(၆)ရပ်ကွက် အောင်မင်္ဂလာ(-)လမ်းနေ မ-----လှိုင် အသက်ခုနစ်နှစ်သည် နေအိမ် အတွင်း ဆော့ကစားနေစဉ်တွင် ရုတ်တ ရက်ပျောက်ဆုံးသွားကြောင်း ဖခင်ဖြစ်သူ ဦးရဲနိုင်ဦးမှ မြောင်း မြရဲစခန်းသို့ လာရောက် တိုင်ကြား ပြီးနောက် သုံးရက်အကြာတွင် ကျောက်အိုင်ရွာအနီး မြောင်းမြ မြစ်ကမ်းတွင် အဆိုပါကလေး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက် သံသယရှိသူများကိုစစ် ဆေးရာမှ တရားခံဟုဆိုသူက ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ခုနှစ်နှစ်ကလေးကို လူသတ်အလောင်းဖျောက်ခဲ့ဟု ၁၄ နှစ် ကလေးငယ်က ဖြောင့်ချက်ပေး ခုနှစ်နှစ်ကလေးကို လူသတ်အလောင်းဖျောက်ခဲ့ဟု ၁၄ နှစ် ကလေးငယ်က ဖြောင့်ချက်ပေး Reviewed by သစ်ထူးလွင် on 14:47 Rating: 5
Powered by Blogger.