မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ

မက္ကစီကို နိုင်ငံသို့ အပျော်ခရီး ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၅၈)နှစ်ရှိ ဒူဂီသွမ်ဆန်သည် သူငယ်ချင်း တစ်ဦး၏ မင်္ဂလာပွဲကို တက်ရောက်ရန် မက္ကစီကိုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်း ဖြစ်သည်။ သို့သော်လည်း ကန်ကွန်ရှိ ဂေါက်ကလပ်တွင် ဖြစ်ပွားသော မိကျောင်းတိုက်ခိုက်မှုအတွင်း ဒူဂီ၏ သူငယ်ချင်းများ၏ ဆုံးဖြတ်ချက် မှန်ကန်မြန်ဆန်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိကျောင်းကို ဂေါက်တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြခြင်း ဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်းဖြစ်

မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ Reviewed by သစ်ထူးလွင် on 06:46 Rating: 5
Powered by Blogger.