မိုးစပါးဧက လေးသောင်းရှစ်ထောင်ကျော် ရေမြုပ်


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်၊ ဆွာ၊ သာဂရနှင့် တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေ စံချိန်တင် မြင့်တက်မှုကြောင့် ခရိုင်တွင်းရှိ ရိတ်သိမ်းချိန် မိုးစပါးစိုက်ဧက လေးသောင်း ရှစ်ထောင်ကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက The Voice သို့ ပြောကြားသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နှင့် သာဂရမြို့တို့ရှိ ကျေးရွာအုပ်စုပေါင်း ၈၈၃ စု၊ တောင်သူပေါင်း ၁၂,၁၁၅ ဦး၊ ဦးပိုင် အမည်ပေါက် ပိုင်ဆိုင်သူပေါင်း ၁၆,၂၄၂ ဦးတို့ စုစုပေါင်းတောင်သူ ၁၂၈,၃၅၇ ဦးတို့၏ ရိတ်သိမ်းချိန်ရောက် မိုးစပါး စိုက်ဧက ၄၈,၄၆၈ ဧက ရေဝင်နစ်မြုပ်လျက် ရှိကြောင်း တောင်ငူခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မိုးစပါးဧက လေးသောင်းရှစ်ထောင်ကျော် ရေမြုပ် မိုးစပါးဧက လေးသောင်းရှစ်ထောင်ကျော် ရေမြုပ် Reviewed by သစ်ထူးလွင် on 14:23 Rating: 5
Powered by Blogger.