သီပေါစော်ဘွား မဟာဒေဝီ ဆုစန္ဒီဆု ပြည်တွင်း လူငယ်တဦးအား ပထမဆုံး အကြိမ်ချီးမြှင့်

ကိုယ်ကျိုးစွန့်အနစ်နာခံသူ သျှမ်းလူငယ်များအား နှစ်စဉ်နှစ်တိုင်းချီးမြှင့်သည့် ဆုစန္ဒီဆုအား ယခုနှစ်တွင် SNLD ဗဟိုအလုပ်အမှုဆောင် ရုံးအဖွဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နမ့်ခမ်းမြို့ဇာတိ စိုင်းဆမ် ဖွန်ဆိုင်အား ပြည်တွင်း၌ ပထမ ဦးဆုံးချီးမြှင့်လိုက်ပါသည်။ ၂၀၁၃ နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီတွင် ဆုစန္ဒီဆု ချီးမြင့်ခြင်းအခမ်း အနားအား လားရှိုးမြို့၌ကျင်းပလျှက်ရှိသည့် SNLD ပါတီ၏ ငွေရတုမွေးနေ့ ပွဲနှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။ ဆုလက်ခံရရှိသူ စိုင်းဆမ်ဖွန်ဆိုင်သည် ပြည်တွင်းနေလူငယ်အနေဖြင့် ပထမဦးဆုံးလက်ခံရရှိသူဖြစ်ပါသည်။ ၎င်းမတိုင် ခင် ထိုင်း - သျှမ်းနယ်စပ်မှနေ၍ ဆုလက်ခံရရှိခဲ့ဖူးသူ လူငယ် ၅ ဦးရှိပြီဖြစ်ရာ စိုင်းဆမ်ဖွန်ဆိုင်မှာ ဆဌမယောက်မြောက် ဆုစန္ဒီဆုလက်ခံရ ရှိသူဖြစ်ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သီပေါစော်ဘွား မဟာဒေဝီ ဆုစန္ဒီဆု ပြည်တွင်း လူငယ်တဦးအား ပထမဆုံး အကြိမ်ချီးမြှင့် သီပေါစော်ဘွား မဟာဒေဝီ ဆုစန္ဒီဆု ပြည်တွင်း လူငယ်တဦးအား ပထမဆုံး အကြိမ်ချီးမြှင့် Reviewed by သစ်ထူးလွင် on 00:52 Rating: 5
Powered by Blogger.