ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ခွင့်ပြုချက်မယူဘဲ လုပ်ကိုင်သည့် ဟိုတယ်နှင့် စက်မှုလုပ်ငန်းများကို အရေးယူမည်

ကမ္ဘာလှည့်ခရီးသည် အများဆုံးသွားရောက်သည့် ပုဂံ၊ မြောက်ဦး၊ သရေခေတ္တရာနှင့် အင်းဝ အပါအ၀င် ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ မတင်ပြဘဲ ဟိုတယ်နှင့် အခြားစက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်သည့် ကုမ္ပဏီများ ကို အရေးယူမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး နယ်မြေအတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ တည်ဆောက်ရန်အတွက် မြေနေရာများရှင်းလင်းခြင်း၊ ၀င်းခြံများကာရံခြင်း၊ ၀င်းခြံကာရံရန်တိုင်များ စိုက်ထူခြင်းတို့ကို တွေ့ရှိရသဖြင့် အရေးယူမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြောက်ဦးမြို့ရှုခင်း ဓာတ်ပုံ - 7day Daily
ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ခွင့်ပြုချက်မယူဘဲ လုပ်ကိုင်သည့် ဟိုတယ်နှင့် စက်မှုလုပ်ငန်းများကို အရေးယူမည် ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ခွင့်ပြုချက်မယူဘဲ လုပ်ကိုင်သည့် ဟိုတယ်နှင့် စက်မှုလုပ်ငန်းများကို အရေးယူမည် Reviewed by သစ်ထူးလွင် on 13:43 Rating: 5
Powered by Blogger.