ထိုင်းနိုင်ငံ ပတ္တရားအပန်းဖြေစခန်း ကမ်းလွန်တွင် ကမ္ဘာလှည့်ခရီးသည်များကို ပို့ဆောင်ပေးသည့် ကူးတို့သင်္ဘောတစ်စင်း တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့ရာ နိုင်ငံခြားသား ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးသည်။ ထို့အပြင် နစ်မြုပ်သွားသည့် သင်္ဘောအတွင်း အခြားလူများ ပိတ်မိနေနိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကနဦးသတင်းများအရ သင်္ဘောနစ်မြုပ်မှုအတွင်း ထိုင်းလူမျိုး ၃ ဦးနှင့် နိုင်ငံခြားသား ၃ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ AFP သို့ အတည်ပြုသည်။ သို့သော် သေဆုံးသွားသည့် နိုင်ငံခြားသား ၃ ဦးမှာ မည်သည့် နိုင်ငံသားဖြစ်ကြောင်း စသည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိချေ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကူးတို့သင်္ဘောမှာ ခရီးသည် အဆမတန်တင်ဆောင်ခဲ့ဖွယ်ရှိပြီး စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ဖွယ်ရှိကြောင်း ဒေသခံ သတင်းဌာနများကဆိုသည် |
ထိုင်း အပန်းဖြေကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် ကူးတို့သင်္ဘောနစ်မြုပ်
Reviewed by သစ်ထူးလွင်
on
18:47
Rating: