မန်စီတွင် တိုက်ပွဲပြန်ဖြစ်၊ ဒုက္ခသည် နှစ်ထောင်ကျော် ထပ်မံတိုး

ကချင်ပြည်နယ်၊ မန်စီမြို့အနီး၊ နမ့်လင်းပါ ကျေးရွာတွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် ကျေးရွာများမှ မန်ဝိုင်းကြီးဘက်သို့ ထွက်ပြေးလာသူ ရွာဒေသခံများ နှစ်ထောင်ကျော်ရှိနေသည်ဟု ကယ်ဆယ်ရေးစခန်းများတွင် စားနပ်ရိက္ခာများ ကူညီပေးနေသည့် ကတ်သလစ် အသင်းတော်မှ တာဝန်ရှိသူ ကိုနော်ဒင့်က မဇ္ဈိမကို ပြောသည်။ တိုက်ပွဲမှာ နိုဝင်ဘာလ ၁၇ရက် မနက် ၇နာရီတွင် ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသခံ ရွာသူရွာသားများမှာ တပ်မတော်ဘက်မှ စစ်ကြောင်းများ ၀င်လာစဉ် နိုဝင်ဘာလ ၁၆ ရက်တွင် မန်ဝိုင်းကြီးဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်ဟု ကိုနော်ဒင့်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မန်စီတွင် တိုက်ပွဲပြန်ဖြစ်၊ ဒုက္ခသည် နှစ်ထောင်ကျော် ထပ်မံတိုး မန်စီတွင် တိုက်ပွဲပြန်ဖြစ်၊ ဒုက္ခသည် နှစ်ထောင်ကျော် ထပ်မံတိုး Reviewed by သစ်ထူးလွင် on 21:25 Rating: 5
Powered by Blogger.