အကျင့်ပျက်ဝန်ထမ်းများနှင့်ပေါင်း၍ သစ်ကုန်သွယ်မှုများရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်၌ နေ့စဉ် ဖြတ်သန်း နေသော သစ်ကုန်သွယ်မှု များတွင် အကျင့်ပျက် ၀န်ထမ်းများ ပူးပေါင်းပါဝင်နေသော မှောင်ခို သစ်ကုန်သွယ်မှုများ ပါဝင်နေကြောင်း နိုဝင်ဘာ ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်မဲ မဲဆန္ဒနယ်မှ ကိုယ် စားလှယ် ဦးဆောင်ဆီကပြောသည်။ ဦးဆောင်ဆီက ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်မှ သစ်ကုန်သွယ်မှုများသည် ဥပဒေနှင့်အညီ မရှိမည်ကို ပြည်သူများက စိုးရိမ်နေခြင်းကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများပါဝင် သော အဖွဲ့များဖြင့် ဥပဒေနှင့်အညီ တင်ပို့ရေး ကြပ်မတ်ဆောင်ရွက်ရန် အစီစဉ်ရှိမရှိကို သိရှိလိုကြောင်း မေးခွန်းတင်သွင်းခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုင်ငံခြားတင်ပို့မည့် သစ်လုံးများအား သန်လျင်မြို့နယ်ရှိ လမ်းမပေါ်တွင် တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ)
အကျင့်ပျက်ဝန်ထမ်းများနှင့်ပေါင်း၍ သစ်ကုန်သွယ်မှုများရှိ အကျင့်ပျက်ဝန်ထမ်းများနှင့်ပေါင်း၍ သစ်ကုန်သွယ်မှုများရှိ Reviewed by သစ်ထူးလွင် on 16:51 Rating: 5
Powered by Blogger.