သမ္မတဟောင်း ကလင်တန် သမ္မတဦးသိန်းစိန်၊ ဒေါ်စုတို့နဲ့တွေ့

မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်ကို ဒီကနေ့ မနက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကလင်တန်ရဲ့  ကလင်တန် ဖောင်ဒေးရှင်းနဲ့ မြန်မာအစိုးရအကြား ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေနဲ့ အကူအညီပေးရေး ကိစ္စရပ်တွေကို မြန်မာသမ္မတနဲ့ အမေရိကန် သမ္မတဟောင်း တို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။ မစ္စတာကလင်တန်ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး အင်္ဂါနေ့က မြန်မာနိုင်ငံဆီ ရောက်လာတာပါ။ ဒီကနေ့ မနက် ၉ နာရီခွဲမှာ သမ္မတဦးသိန်းစိန်က မစ္စတာ ကလင်တန်ကို နေပြည်တော်၊ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ မြန်မာသမ္မတဦးသိန်းစိန် နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံစဉ်။ (သတင်းမှတ်တမ်း Credit to နိုင်ငံတော်သမ္မတရုံး)

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။

သမ္မတဟောင်း ကလင်တန် သမ္မတဦးသိန်းစိန်၊ ဒေါ်စုတို့နဲ့တွေ့ သမ္မတဟောင်း ကလင်တန် သမ္မတဦးသိန်းစိန်၊ ဒေါ်စုတို့နဲ့တွေ့ Reviewed by သစ်ထူးလွင် on 02:05 Rating: 5
Powered by Blogger.