မာတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်း အရှိန်လွန်ထိုးကျခဲ့ရာမှ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ချင်းတွင်းမြစ်၏ မြစ်ဖျားမြို့တစ်မြို့ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ ဆိပ်ကမ်းတွင် အောက် တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ရာမှ လူသေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသရှိ ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားလိုက်သည်။ ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ အရှိန်လွန်၍ ထိုးကျခဲ့သော မာတ်တူးကား အဖြူရောင် အမျိုးအစား ယာဉ်အမှတ် ၉ဃ/ ၃၆ ×× ယာဉ်အား ခန္တီးမြို့နယ်၊ ဆင်သေ ဆောက်လုပ်ရေးလုပ်ငန်းဆိုက် အမှတ် (၉၄၁)နေ ကိုမြင့်လေး ဆိုသူမှမောင်းနင်းလာ ခဲ့ပြီး အဆိုပါကားအား ကုန်တင်ရေယာဉ်ပေါ်သို့ တင်ဆောင်ရာတွင် အရှိန်လွန်၍ မြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ် သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မာတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်း အရှိန်လွန်ထိုးကျခဲ့ရာမှ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ မာတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်း အရှိန်လွန်ထိုးကျခဲ့ရာမှ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 16:42 Rating: 5
Powered by Blogger.