သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်က တပ်မတော်သားများအမိန့်မစောင့်ဘဲ ကူညီရမည်ဟု ကာချုပ်ပြောကြား

တပ်မတော်သားများအနေဖြင့် နိုင်ငံတော်၏ သယံဇာတ၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကို ကာကွယ်မည်ဆိုသည့် အတွေးအခေါ်၊ အမြင်ရှိရန် လိုအပ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် အမိန့်ကိုမစောင့်ဘဲ သွားရောက်ကူညီရမည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ နိုဝင်ဘာ ၁၂ ရက်တွင် တောင်ငူတပ်နယ်၊ ရေတာရှည်တပ်နယ်နှင့် အုတ်တွင်းတပ်နယ်ရှိအရာရှိနှင့် စစ်သည်မိသားစုများနှင့်တွေ့ဆုံပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အေးချမ်းဖြိုး ခန်းမတွင် တောင်ငူတပ်နယ်၊ ရေတာရှည် တပ်နယ်၊ အုတ်တွင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။ ဓါတ်ပုံ - မြ၀တီ
သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်က တပ်မတော်သားများအမိန့်မစောင့်ဘဲ ကူညီရမည်ဟု ကာချုပ်ပြောကြား သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်က တပ်မတော်သားများအမိန့်မစောင့်ဘဲ ကူညီရမည်ဟု ကာချုပ်ပြောကြား Reviewed by သစ်ထူးလွင် on 16:36 Rating: 5
Powered by Blogger.