ဘောလုံးပွဲ အကြွေးတင်နေသော တပ်မတော် အရာရှိတစ်ဦး ရွှေဆိုင်ကို ဓားပြတိုက်

သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီးအောင်ခန့်မင်း ဆိုသူသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာရှိ ဦးတင်မြင့် ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ဓားပြတိုက်ခဲ့ကြောင်း ဇင်းကျိုက် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ၎င်းသည် သထုံဈေး အနီးရှိ ဘောလုံးပွဲဒိုင် လုပ်ကိုင်သည့် သူငယ်ချင်း ဖြစ်သူ ဗိုလ်ကြီး သော်ဇင်ငြိမ်းထံ ဘောလုံးပွဲ ရှုံးထားသည့် အကြွေး ကျပ် ၁၁ သိန်း ပေးရန် ရှိနေခြင်းကြောင့် ဓားပြတိုက်ရခြင်း ဖြစ်သည်ဟု ဇင်းကျိုက် ရဲစခန်းတွင် ထွက်ဆိုထားကြောင်း အဆိုပါ ရဲစခန်း၏ အမှုမှတ်တမ်းများအရ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘောလုံးပွဲ အကြွေးတင်နေသော တပ်မတော် အရာရှိတစ်ဦး ရွှေဆိုင်ကို ဓားပြတိုက် ဘောလုံးပွဲ အကြွေးတင်နေသော တပ်မတော် အရာရှိတစ်ဦး ရွှေဆိုင်ကို ဓားပြတိုက် Reviewed by သစ်ထူးလွင် on 16:57 Rating: 5
Powered by Blogger.