ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်ရှိ ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ပြီးစီးပါက ယင်းရပ်ကွက်နေ ပြည်သူများ အပါအ၀င် အိမ်ရာ ၀ယ်ယူလိုသည့် သူများအား တစ်ပြေးညီ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ယခင်က တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ခဲ့သော်လည်း အစိုးရ ၀န်ထမ်းများကိုသာ အဓိကထား ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ပြီးစီးပါက အိမ်ရာဝယ်ယူလိုသည့် ပြည်သူ အားလုံးအတွက် တစ်ပြေးညီ ရောင်းချပေးသွားမည် ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကျပ်သိန်း ၂၀၀ တန် တန်ဖိုးနည်း အိမ်ရာ တစ်ပြေးညီ ရောင်းပေးမည်
Reviewed by သစ်ထူးလွင်
on
12:55
Rating: