လက်ပတောင်းတောင် မှ သေနတ်သံများ

14.11.2013 ရက် 20:15 နာရီ

လက်ပတောင်းတောင် ကြေးနီစီမံကိန်း မိုးကြိုးပြင်(တောင်)ကျေးရွာ အနီး မြေယာလျော်ကြေး ထုတ်ယူခြင်းမရှိသည့် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများရာမှ ရဲတပ်ဖွဲ့ဝင်များမှ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ကိုမောင်စိုး(၀မ်းပိုက်ဒဏ်ရာ) နှင့် မအေးစန်း(လက်မောင်းဒဏ်ရာ)တို့ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကိုမောင်စိုး ၏ သေနတ်ဒဏ်ရာသည် အသက်စိုးရိမ်ရသည့် အနေအထားတွင်ရှိနေပါသည်။ ဖြစ်စဉ်မှာ ညနေ 3:30 PM ခန့်တွင် မိုးကြိုးပြင်(တောင်)ကျေးရွာ တောင်သူများသည် မိမိတို့လုပ်ငန်းခွင်သို့ သွားရာလမ်းတွင် သွပ်ဆူးကြိုးများ ခတ်ထားသောကြောင့် လမ်းဖွင့်ပေးရန် ရဲတပ်ဖွဲ့ဝင်များအား တောင်းဆိုရာမှ တဖက်နှင့်တဖက် အချေနေတင်းမာပြီး ရုံးရင်းဆန်ခတ်ဖြစ်ကာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်ပန်တောင်းတောင်ဒေသ မိုးကြိုးပြင်ကျေးရွာအုပ်စုမှ စိုက်ပျိုးလုပ်ကိုင်နေသည့် တောင်ယာဧက(၁၂၀၀)ကျော်ကို သိမ်းပိုက်လိုသည့်အတွက် ရဲများဖြင့် တောင်ယာများသို့လွတ်လပ်စွာ မသွားရောက်နိုင်ရန်၁၂-၁၁-၂၀၁၃)ရက်နေ့မှစ၍ ပိတ်ဆို့ထားသည်၊၊ ၁၄-၁၁-၂၀၁၃ ဓါတ်ပုံ - KO Han Win Aung (facebook)
လက်ပန်တောင်းတောင် ဒေသကျေးရွာများ ရဲများဝင်ရောက် အကြမ်းဖက်မှု မပြုလုပ်နိုင်ရန် လုံခြုံရေးကင်းများစောင့်နေကြစဉ်။ ၁၄-၁၁-၂၀၁၃ ဓါတ်ပုံ - KO Han Win Aung (facebook)
လက်ပတောင်းတောင် မှ သေနတ်သံများ လက်ပတောင်းတောင် မှ သေနတ်သံများ Reviewed by သစ်ထူးလွင် on 01:20 Rating: 5
Powered by Blogger.