အာဖဂန် နစ္စတန်တွင် လူမှုရေး ဖောက်ပြန်သူများကို ကျောက်တုံးဖြင့် ပစ်ပေါက် သေဒဏ်ပေးသော အလေ့အထကို ပြန်လည် ကျင့်သုံးရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော (၁၂)နှစ်က အာဖဂန်ကို တာလီဘန်တို့ ကြီးစိုးစဉ်က ကျင့်သုံးခဲ့သော ဘာသာရေးနှင့် ဆက်နွယ်သည့် ပြစ်ဒဏ်ကို လူ့အခွင့်အရေး အဖွဲ့များက ပြင်းထန်စွာ ရှုတ်ချထားသည်။ ယခုအခါ နိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေတွင် ယင်းနည်းလမ်းဟောင်းကို တစ်ကျော့ပြန် အသုံးပြုရန် ဆွေးနွေးမှုများ ရှိနေပြီး ဥပဒေ မူကြမ်းကိုပင် ရေးဆွဲနေပြီဟု ဆိုသည်။ အကယ်၍ ယင်းမူကြမ်းကို အတည်ပြုချက် ပေးနိုင်ခဲ့ပါက အပြစ်ရှိသူများကို လူအများရှေ့တွင် ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ် သေဒဏ်ပေးမှုမျိုး ပြန်လည် ကျင့်သုံးလာမည် ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အာဖဂန်တွင် ကျောက်တုံးဖြင့်ပစ်ပေါက် သေဒဏ်ပေးမှု ပြန်ကျင့်သုံးဖွယ်ရှိ
Reviewed by သစ်ထူးလွင်
on
19:07
Rating: