မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသများဖြစ်သော ပုဂံ၊ သရေခေတ္တရာ၊ မြောက်ဦး ရှေးဟောင်း နယ်မြေများအတွင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်သူများကို အရေးယူသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက နိုဝင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံရှိ ရှေးဟောင်းကန့် သတ်ဇုန်များအတွင်း အဆောက်အအုံ ဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ ခြံစည်းရိုး ခတ်ခြင်းများ ပြုလုပ်ပါက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အရ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရှေးဟောင်းနယ်မြေအတွင်း အဆောက်အအုံ ဆောက်သူ အရေးယူမည်
Reviewed by သစ်ထူးလွင်
on
14:21
Rating: