ဂျပန် အထည်ချုပ်လုပ်ငန်းနှစ်ခု ရန်ကုန်တွင် လုပ်ကိုင်မည်

ပြည်ပ အထည်ချုပ်လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမှု ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာသော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ အခြေစိုက် အထည်ချုပ် လုပ်ငန်းနှစ်ခုကို စက်ရုံတည်ဆောက် လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် အဆိုပါ အထည်ချုပ်လုပ်ငန်း နှစ်ခုတွင် Flex Japan ၏ ကုမ္ပဏီခွဲ White Owl Fashion Co., Ltd. က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ Honeys Garment Industry Ltd. ကိုလည်း အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခွင့် ချထားပေးပြီး ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဂျပန် အထည်ချုပ်လုပ်ငန်းနှစ်ခု ရန်ကုန်တွင် လုပ်ကိုင်မည် ဂျပန် အထည်ချုပ်လုပ်ငန်းနှစ်ခု ရန်ကုန်တွင် လုပ်ကိုင်မည် Reviewed by သစ်ထူးလွင် on 16:09 Rating: 5
Powered by Blogger.