အမျိုးသမီးအချို့ ခန္ဓာကိုယ်သွယ်လျစေရန် စိတ်ကြွဆေးသုံးစွဲမှုများရှိလာ

အမျိုးသမီးငယ်အချို့ ခန္ဓာကိုယ်သွယ်လျ စေရေးအတွက် စိတ်ကြွရူးသွပ် ဆေးဝါးများကို တလွဲအသုံးပြုမှုများရှိလာနေပြီး မည်သည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ မူးယစ်ဆေးဝါး သုံးစွဲသည်ဟု စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း မူးယစ်ဗဟိုမှ ဒုရဲမှူးကြီးဇော်လင်းထွန်းက ပြောကြားသည်။ ““အတွင်းသတင်းတွေအရတော့ စိတ်ကြွမူးယစ်ဆေးတွေကို အမျိုးသမီးလေးတွေ ပိန်အောင်လို့သုံးတယ်လို့ သတင်းတွေရထားပါတယ်။ ဒီဆေးတွေက သုံးရင်တက်ကြွနေတယ်။ အလုပ်လည်း များများလုပ်နိုင်တယ်။ လေ့ကျင့်ခန်းလည်း လုပ်စရာမလိုဘဲ အလိုအလျောက်ပိန်လာစေတယ်ဆိုတော့ သုံးကြတယ်။ ဘယ်လိုပဲသုံးသုံး ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးသုံးတာမိရင် ဖမ်းမှာပဲ”” ဟု နေပြည်တော်မူးယစ်ဗဟိုမှ ဒုတိယရဲမှူးကြီးဇော်လင်းထွန်းကပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမျိုးသမီးအချို့ ခန္ဓာကိုယ်သွယ်လျစေရန် စိတ်ကြွဆေးသုံးစွဲမှုများရှိလာ အမျိုးသမီးအချို့ ခန္ဓာကိုယ်သွယ်လျစေရန် စိတ်ကြွဆေးသုံးစွဲမှုများရှိလာ Reviewed by သစ်ထူးလွင် on 17:32 Rating: 5
Powered by Blogger.