လက်ပံတောင်းတွင် ပဋိပက္ခ ထပ်ဖြစ် ရဲကင်း တိုက်ခိုက်ခံရ ရဲတပ်ကြပ်များ အပါအ၀င် ကိုးဦး ဒဏ်ရာရ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်မြောက်ရွာ အနီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် အစောင့်ချထားသည့် ရဲကင်းတစ်ခုကို ဒေသခံ ၂၀၀ ခန့်က နိုဝင်ဘာ ၁၄ ရက် ည ကိုးနာရီအချိန်တွင် ခဲများဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သည်ဟု မုံရွာခရိုင် ရဲမှူးကြီး ဦးကြူကင်းက ပြောသည်။ ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲအုပ်မြင့်ဆွေ၊ ဒုရဲအုပ် ဝေ လင်း၊ ဒုတပ်ကြပ် ဂျိုးဇက်၊ ဒုတပ်ကြပ် ထွန်းလှိုင်ဦး၊ ရဲတပ်သား ပြည်မျိုးထွန်း၊ ကျော်ဇာနည်၊ ကြံအောင်၊ စောမောင်ခိုင်၊ ဒုတပ်ကြပ် ကျော်မင်းဦးတို့ ကိုးဦးသည် မျက်နှာ၊ လက်၊ ဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် ည ၁၀ နာရီခွဲက မုံရွာ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆေးကုသရန် ရောက်ရှိဆေးကုသမှု ခံယူနေရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုဝင်ဘာ ၁၄ရက်နေ့ ကြာသာပတေး ၁၇ နာရီ ၄၂ မိနစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တူးဖော်ထုတ်လုပ်ရေး ကုမ္မဏီနှင့် ဒေသခံတောင်သူများအကြား မပြေလည်မှုများဖြစ်ပွားကာ ယခုလ ၁၄ ရက်နေ့ည ၇ နာရီ၄၂ မိနစ် အချိန်ခန့်က မုံရွာ - ပုသိမ် အဝေးပြေူကားလမ်းမကြီးအနီးရှိ လုံခြုံရေးရဲကင်းစခန်းအာား ဒေသခံတောင်သူများမှ ၀င်ရောက်စီးနင်းခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ခန့်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရသည်။ အဆိုပါ သတင်းအား သီးခြားသတင်းအတည်ပြုချက်များရရှိနိုင်ရန် ဆက်လက်၍ ဆောင်ရွက်လျက်ရှိပါသည်.....။ ဒဏ်ရာရရဲတပ်ဖွဲ့ဝင်များ ယခုအချိန်တွင် မုံရွာပြည်သူ့ဆေးရုံကြီး ခွဲစိပ်ခန်းနှင့် ဓာတ်မှန်ခန်းများသို့ ၀င်ရောက်လျက်ရှိပါသည်။ သတင်း + ဓာတ်ပုံ - ကိုတိုးကြီး (facebook)
လက်ပံတောင်းတွင် ပဋိပက္ခ ထပ်ဖြစ် ရဲကင်း တိုက်ခိုက်ခံရ ရဲတပ်ကြပ်များ အပါအ၀င် ကိုးဦး ဒဏ်ရာရ လက်ပံတောင်းတွင် ပဋိပက္ခ ထပ်ဖြစ် ရဲကင်း တိုက်ခိုက်ခံရ ရဲတပ်ကြပ်များ အပါအ၀င် ကိုးဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 01:10 Rating: 5
Powered by Blogger.