အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း ညအချိန်ဓားမကိုင်၍ ၀င်လာသူ အမျိုးသားတစ်ဦးက အုပ်ချုပ်ရေးမှူးကို ဓားမဖြင့် ဆက်တိုက်ခုတ်သောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်အောင်ပြုလုပ်မှုဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အတွင်း နေထိုင်သည့် အငှားယာဉ်မောင်းတစ်ဦးက နိုဝင်ဘာ ၁၆ ရက် ည ၉ နာရီ မိနစ် ၃၀ တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံးအတွင်း ဓားမကိုင်၍ ၀င်လာကာ အုပ်ချုပ်ရေးမှူးအား ဆက်တိုက်ခုတ်သောကြောင့် ဦးခေါင်းနှင့်လက်တို့တွင် ဒဏ်ရာများရကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်းသို့ဝင်၍ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်
Reviewed by သစ်ထူးလွင်
on
19:20
Rating: