သီရိလင်္ကာ ငါးဖမ်းစက်လှေနှစ်စင်း ကျောက်ဖြူ ရေလုပ်ငန်းသို့ လွှဲအပ်

မြန်မာ့ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးများဖမ်းဆီးနေ သည့် သီရိလင်္ကာနိုင်ငံမှ ငါးဖမ်းရေယာဉ်နှစ်စင်းအား ဓည၀တီရေတပ် စခန်းစစ်ရေယာဉ်များအုပ်စုမှ တစ်ဆင့်ကျောက်ဖြူ ရေလုပ်ငန်းဦးစီးဌာန သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ရေပိုင်နက်သို့ ၀င်ရောက်လာသော သီရိလင်္ကာနိုင်ငံသား ၁၂ ဦးပါ ဖိုင်ဘာအမျိုးအစား ငါးဖမ်းလှေနှစ်စင်းကို မြန်မာ့ရေပိုင်နက် မာန်အောင်ကျွန်း၏ အနောက်မြောက်ဘက်မိုင် ၁၅၀ ခန့်အကွာ ပင်လယ်ပြင်၌ လွန်ခဲ့သော အောက်တိုဘာ၂၃ ရက်က ဖမ်းဆီးရမိခဲ့ပြီး ဓည၀တီရေတပ် စခန်း ဌာနချုပ်သို့ လူနှင့်လှေများကိုပါ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သီရိလင်္ကာ ငါးဖမ်းစက်လှေနှစ်စင်း ကျောက်ဖြူ ရေလုပ်ငန်းသို့ လွှဲအပ် သီရိလင်္ကာ ငါးဖမ်းစက်လှေနှစ်စင်း ကျောက်ဖြူ ရေလုပ်ငန်းသို့ လွှဲအပ် Reviewed by သစ်ထူးလွင် on 16:07 Rating: 5
Powered by Blogger.