ကချင်မှာ တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ဒီကနေ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကနေ ဒီကနေ့ထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ကြောင့် မန်စီမြို့နယ်အတွင်းမှာ စစ်ရှောင်ဒုက္ခသည် တထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မန်စီမြို့နယ် နန့်လင်းပါ စခန်းက ဒုက္ခသည် ၁၅၀၀လောက်ဟာ လုံခြုံရေးအရ သွားလာရေး အခက်အခဲကြောင့် ရိက္ခာပြတ်လပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ တပြည်လုံး အပစ်ရပ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ကချင်မှာ တိုက်ပွဲဆက်ဖြစ် ကချင်မှာ တိုက်ပွဲဆက်ဖြစ် Reviewed by သစ်ထူးလွင် on 08:55 Rating: 5
Powered by Blogger.