အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပသည့် အီးယူ-မြန်မာ လုပ်ငန်း အစည်းအဝေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည် ။

အဆိုပါ ပွဲသို့ EU ဒုတိယ ဥက္ကဌ Catherine Ashton နှင့် မြန်မာ အစိုးရ ဘက်မှ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအ၀င် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ခဲ့ကြသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရန်ကုန် မြို့နှင့် နေပြည်တော်တို့တွင် အဆိုပါ အစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ EU က အကူအညီပေးနိုင်ရေး ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ကဏ္ဍများအား EU နှင့် မြန်မာက ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အဓိက ပြုလုပ်ခြင်းဖြစ်သည် ဟု သိရသည်။

ဓာတ်ပုံ - မင်းမင်းထွန်း
မင်းသုအောင် ၊ သုတလင်း

Popular Myanmar News Journal

အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ် အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ် Reviewed by သစ်ထူးလွင် on 10:47 Rating: 5
Powered by Blogger.