မူးယစ်ဆေးဝါးမှောင်ခို လေးဦး အသေဖမ်းမိ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်မြို့နယ် တာ့တွန့် ကျေးရွာအုပ်စု ဟွေ့ဆန်ကျေးရွာ အနီး တောအုပ်ထဲတွင်
မြန်မာဖက်က ၀င်ရောက်လာ သည်ဟု ယူဆရသည် အမည်မသိ လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မူးယစ် ဆေးဝါးများနှင့်အတူ လူလေးဦးကို အသေဖမ်းဆီး ရမိကြောင်း ချင်းမိုင်အခြေစိုက် သတင်းထောက်က သတင်း ပေးပို့ထားသည်။ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် နိဝင်ဘာလ ၉ရက်နေ့က ည၈နာရီခန့်က မိနစ်၂၀ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အလောင်း လေးလောင်း၊ လက်လုပ်မိုင်း တစ်လုံးနှင့် ကာလတန်ဖိုးဘတ် သန်း၂၀၀ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား လေးသိန်းကို ကျောပိုးအိပ် လေးအိပ်ထဲကနေ သိမ်းဆည်း ရမိကြောင်း ရဲက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မူးယစ်ဆေးဝါးမှောင်ခို လေးဦး အသေဖမ်းမိ မူးယစ်ဆေးဝါးမှောင်ခို လေးဦး အသေဖမ်းမိ Reviewed by သစ်ထူးလွင် on 11:29 Rating: 5
Powered by Blogger.