ကာချုပ်ခရီးစဉ်ရှိ၍ ထားဝယ်မြေသိမ်းခံလယ်သမားများ ဆန္ဒပြခွင့်မရ


သိမ်းဆည်းခံ လယ်ယာမြေများအတွက် ထားဝယ်လယ်သမားများ ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာသို့ တင်ပြရာတွင် ခွင့်ပြုချက်မရရှိကြောင်း လယ်သမားအဖွဲ့အစည်းထံမှ သတင်းရရှိသည်။ အဆိုပါနေ့များတွင် ထားဝယ်ဘုရားကြီးပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ထားဝယ်မှ သိမ်းဆည်းခံလယ်သမားများ ဆန္ဒထုတ်ဖော်ရန် သတ်မှတ်ထားသော ဒီဇင်ဘာ ၄ ရက်သည် ပုဒ်မ (၈)၊ ပုဒ်မ ခွဲ(င)ပါ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်စည်းကမ်းချက်တွင်ပါရှိသည့် အခမ်းအနားကြီးများနှင့် တိုက်ဆိုင်နေခြင်း၊ တပ်မတော်အကြီးအကဲ ရောက်ရှိမည့်ကာလဖြစ်ခြင်းတို့ကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လယ်ယာမြေအသိမ်းခံရမှုအတွက် ဆန္ဒပြနေသောလယ်သမားများကို နိုဝင်ဘာ ၁၁ ရက်ကတွေ့ရစဉ် ဓာတ်ပုံ - စိုးမိုးအောင် - 7day Daily

ကာချုပ်ခရီးစဉ်ရှိ၍ ထားဝယ်မြေသိမ်းခံလယ်သမားများ ဆန္ဒပြခွင့်မရ ကာချုပ်ခရီးစဉ်ရှိ၍ ထားဝယ်မြေသိမ်းခံလယ်သမားများ ဆန္ဒပြခွင့်မရ Reviewed by သစ်ထူးလွင် on 20:30 Rating: 5
Powered by Blogger.